Загрузка страницы

တရုတ် စစ်လေယာဉ်ကို ဟန့်တားခဲ့တဲ့ လေသူရဲတွေကို ထိုင်ဝမ် သမ္မတ သွားရောက် ဂုဏ်ပြု

တရုတ် စစ်လေယာဉ်ကို ဟန့်တားခဲ့တဲ့ လေသူရဲတွေကို ထိုင်ဝမ် သမ္မတ သွားရောက် ဂုဏ်ပြု

စက်တင်ဘာ - ၂၃၊ ၂၀၂၀

တရုတ် စစ်လေယာဉ်ကို ကြားဖြတ် ဟန့်တားခဲ့တဲ့ တိုက်လေယာဉ်မှူးတွေကို ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က သွားရောက် တွေ့ဆုံ ဂုဏ်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာ သမ္မတ ဆိုင်ဟာ ပန်ဂူးမှာရှိတဲ့ ထိုင်ဝမ် လေတပ်စခန်း တစ်ခုကို ရောက်ရှိလာပြီး လေသူရဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ နိုင်ငံအတွက် သူရဲကောင်းဆန်ဆန် ရဲရဲရင့်ရင့် စွမ်းဆောင်ပေးနေတာတွေ အားလုံးအတွက် ကျေးဇူးတင်ကြောင်းလည်း ဆိုင်က ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်လိုပေမယ့် ထိုင်ဝမ်ကတော့ ကိုယ်ပိုင် နိုင်ငံတစ်ခုအဖြစ် သီးသန့်ခွဲခြား ရပ်တည်ဖို့ပဲ လိုလားနေပါတယ်။ ဆိုင်ရဲ့ လက်ထက်မှာ တရုတ်နဲ့ ဆက်ဆံရေးက ပိုမို တင်းမာလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထိုင်ဝမ် ကမ်းလွန်မှာ တရုတ်က စစ်ရေး လေ့ကျင့်ခဲ့ပြီး တရုတ် စစ်လေယာဉ် တစ်စီးက ထိုင်ဝမ်ပိုင်နက်နားထိ ချဉ်းကပ် ပျံသန်းခဲ့ပါတယ်။

ဒီအတွက်လည်း ထိုင်ဝမ် ဂျက်တိုက်လေယာဉ်တွေက ချက်ချင်း ပျံတက်သွားပြီး အဲဒီ တရုတ်စစ်လေယာဉ်ကို ကြားဖြတ် ဟန့်တားခဲ့ကြပါတယ်။ ဆိုင်က ဒီလို ရဲရင့်ပြီး ထိရောက်ပြတ်သားတဲ့ တုံ့ပြန်မှုမျိုးအတွက် လေသူရဲတွေကိုရော၊ လေတပ် အင်ဂျင်နီယာတွေကိုပါ အသိအမှတ် ပြုပါကြောင်း ပြောကြားသွားပါတယ်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကတော့ တရုတ်စစ်တပ်ရဲ့ လွန်ကဲတဲ့ အပြုအမူတွေအပေါ် ထိုင်ဝမ်နဲ့အတူ ပူးပေါင်း ရှုတ်ချပေးဖို့ နိုင်ငံတကာ အစိုးရတွေဆီ တိုက်တွန်း တောင်းဆိုထားပါတယ်။
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV

Видео တရုတ် စစ်လေယာဉ်ကို ဟန့်တားခဲ့တဲ့ လေသူရဲတွေကို ထိုင်ဝမ် သမ္မတ သွားရောက် ဂုဏ်ပြု канала 7Day TV
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
23 сентября 2020 г. 13:02:23
00:01:33
Другие видео канала
ကပ်ရောဂါကြောင့် မြေထဲပင်လယ် ကမာမျိုးစိတ်တစ်ခု မျိုးသုဉ်းသွားနိုင်တဲ့ အန္တရာယ် ကြုံနေရကပ်ရောဂါကြောင့် မြေထဲပင်လယ် ကမာမျိုးစိတ်တစ်ခု မျိုးသုဉ်းသွားနိုင်တဲ့ အန္တရာယ် ကြုံနေရဒီနေ့နောက်ဆုံးရ နိုင်ငံတကာသတင်း - International News In-Briefဒီနေ့နောက်ဆုံးရ နိုင်ငံတကာသတင်း - International News In-Brief" OKR နှင့်မိတ်ဆက်ခြင်း"" OKR နှင့်မိတ်ဆက်ခြင်း"စမ်းချောင်းက ဆရာဝန်အသတ်ခံရမှု ကျုးလွန်သူကိုမိပြီလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်စမ်းချောင်းက ဆရာဝန်အသတ်ခံရမှု ကျုးလွန်သူကိုမိပြီလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ရေခဲမှတ်အောက်ထိ အေးမြနေချိန်မှာ ရေဆင်းစိမ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရေခဲမှတ်အောက်ထိ အေးမြနေချိန်မှာ ရေဆင်းစိမ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကမ္ဘာနှစ်ထပ်ရုပ်ရှင်ရဲ့အမှတ်တရတွေကို ပြောပြလာတဲ့ မေကဗျာကမ္ဘာနှစ်ထပ်ရုပ်ရှင်ရဲ့အမှတ်တရတွေကို ပြောပြလာတဲ့ မေကဗျာရှေ့ဘီးထောင်လျက်သား ဆိုင်ကယ်စီးပြီး ကမ္ဘာ့အမြန်ဆုံး စံချိန် တင်ခဲ့တဲ့ လူစွန့်စားရှေ့ဘီးထောင်လျက်သား ဆိုင်ကယ်စီးပြီး ကမ္ဘာ့အမြန်ဆုံး စံချိန် တင်ခဲ့တဲ့ လူစှနျ့စားဘုရားသွားကျောင်းတက် သီတင်းကျွတ်ရက်မြတ်ဘုရားသွားကျောင်းတက် သီတင်းကျွတ်ရက်မြတ်ပွညျသူတှကေို စည်းလုံးစေချင်ကြောင်း ထိုင်းဘုရင် တိုက်တွန်းပြည်သူတွေကို စည်းလုံးစေချင်ကြောင်း ထိုင်းဘုရင် တိုက်တွန်းမီးပံုးပ်ံလႊတ္ၾကမယ္မီးပံုးပ်ံလႊတ္ၾကမယ္ဗိသုကာပညာရပ်ဆိုင်ရာ အလုပ်အကိုင်တွေအတွက် အခွင့်အလမ်းဗိသုကာပညာရပ်ဆိုင်ရာ အလုပ်အကိုင်တွေအတွက် အခွင့်အလမ်းသမ္မတ ဦးဝင်းမြင့် အိန္ဒိယကို ချစ်ကြည်ရေးခရီးစဉ်ထွက်ခွာသမ္မတ ဦးဝင်းမြင့် အိန္ဒိယကို ချစ်ကြည်ရေးခရီးစဉ်ထွက်ခွာရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယား ထုတ်ပြရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယား ထုတ်ပြNow & Ever က တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာ ဖြစ်နေNow & Ever က တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာ ဖြစ်နေမနက်ခင်း သတင်းစာ -  Morning News on Myanmarမနက်ခင်း သတင်းစာ - Morning News on Myanmarတရားရေးမဏ္ဍိုင်ကို မီးမောင်းထိုးပြမယ့် “သမ္မတကြီးထံပေးစာ”တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုးပြမယ့် “သမ္မတကြီးထံပေးစာ”ပိုးမမှီသာ ကိုဝန်းရံပေးကြတဲ့ မေတိုးခိုင်၊ နော်ဖောအယ်ထားနဲ့ ဘုန်းသီရိကျော်ပိုးမမှီသာ ကိုဝန်းရံပေးကြတဲ့ မေတိုးခိုင်၊ နော်ဖောအယ်ထားနဲ့ ဘုန်းသီရိကျော်အကောင်းဆုံးပြင်ဆင်ပြီးပြန်လာခဲ့မယ်လို့ အောင်လအန်ဆန်ဆိုအကောင်းဆုံးပြင်ဆင်ပြီးပြန်လာခဲ့မယ်လို့ အောင်လအန်ဆန်ဆိုအရပ္ရွည္ခ်င္လား (Get Fit With Andy)အရပ္ရွည္ခ်င္လား (Get Fit With Andy)သိထားသင့္တဲ့ အပြေးလေ့ကျင့်ခန်းသိထားသင့်တဲ့ အပြေးလေ့ကျင့်ခန်း
Яндекс.Метрика