ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယား ထုတ်ပြ

ဇန်နဝါရီ - ၁၅၊ ၂၀၂၁
မြောက်ကိုရီးယား စစ်တပ်ဟာ ရေငုပ်သင်္ဘောကနေ အခြေစိုက် ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ် တစ်ခုကို မိတ်ဆက် ပြသသွားခဲ့ပါတယ်။
ပြုံယမ်းမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးပြ ချီတက်ပွဲမှာ အဖြူနဲ့ အနက်ရောင်တွေ ဆေးခြယ်ထားတဲ့ ဒုံးကျည်အသစ် တချို့ကို ထရပ်ကားတွေပေါ် တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီချီတက်ပွဲကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရ မီဒီယာတွေကတော့ ဒီဒုံးကျည်တွေဟာ ကမ္ဘာပေါ်မှာ စွမ်းအား အပြင်းထန်ဆုံး စစ်လက်နက်တွေ ဖြစ်တယ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ခါးသီးရန်ဘက် အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒန်က ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက မဟာဗျူဟာ လက်နက် အသစ်တွေနဲ့ အင်အားပြလာခဲ့တာပါ။
မြောက်ကိုရီးယား မီဒီယာတွေက ဖော်ပြတဲ့ ဓာတ်ပုံတွေမှာတော့ ဒုံးကျည်တွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီး လေးစီးဟာ နိုင်ငံတော် အလံတွေကို ဝှေ့ရမ်း အားပေးနေတဲ့ လူထုရှေ့မှောက်ကနေ ဖြတ်သန်း မောင်းနှင်ပြသွားတာ တွေ့ရပါတယ်။
မြောက်ကိုရီးယား အာဏာရ ပါတီရဲ့ အထူးညီလာခံ အပြီးမှာ အခု စစ်ရေးပြ ချီတက်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာ ခေါင်းဆောင်ကြီး ကင်မ်က အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နံပါတ်တစ် ရန်သူတော် အနေနဲ့ ဆက်ရှိနေမယ်လို့ သဘောထား ထုတ်ပြန်ခဲ့သလို မြောက်ကိုရီးယားရဲ့ စစ်လက်နက် စွမ်းရည်ကို မြှင့်တင်သွားမယ်လို့လည်း အတည်ပြုသွားပါတယ်။
နိုင်ငံတကာ လက်နက် ပညာရှင်တွေကတော့ မြောက်ကိုရီးယား ပြသသွားတာဟာ အရင်က မတွေ့ဖူးတဲ့ ဒုံးကျည် အသစ်တွေ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မြောက်ကိုရီးယားအရေး စောင့်ကြည့် လေ့လာသူ အန်ကစ် ပန်ဒါက “နှစ်အသစ်၊ ပူဂူဆောင် အသစ်”လို့ Twitterမှာ ရေးသားထားပါတယ်။ ပူဂူဆောင် ဆိုတာက ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်တွေကို မြောက်ကိုရီးယားမှာ ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။
ကမ္ဘာပေါ်မှာ စွမ်းအား အပြင်းထန်ဆုံး လက်နက်တစ်ခုဖြစ်တဲ့ ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်တွေဟာ မြောက်ကိုရီးယားအတွက် အမှုတော်ထမ်းဖို့ အသင့်ရှိနေကြောင်း၊ ဒါဟာ မြောက်ကိုရီးယား တော်လှန်ရေး တပ်ဖွဲ့ရဲ့ အင်အားကို ပြသတဲ့ ပုံရိပ်တစ်ခုအဖြစ် ညွှန်းဆိုနိုင်ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသွားပါတယ်။
အခုတစ်ကြိမ် စစ်ရေးပြ ချီတက်ပွဲမှာတော့ မြောက်ကိုရီးယားရဲ့ အကြီးစား တိုက်ချင်းပစ်ဒုံးကျည် ICBMတွေကို ထုတ်မပြခဲ့ပါဘူး။ အဲဒီလို ဒုံးကျည်မျိုးတွေကို အောက်တိုဘာလတုန်းက ပိုပြီး ပမာဏ ကျယ်ပြန့်တဲ့ စစ်ရေးပြ အခမ်းအနား တစ်ခုမှာ ပြသခဲ့ဖူးကြောင်း သိရပါတယ်။
Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook: https://www.facebook.com/7DayOnlineTV/
Twitter: https://twitter.com/7Day_TV
Видео ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယား ထုတ်ပြ канала 7Day TV

Показать
Комментарии отсутствуют
Информация о видео
Другие видео канала
ကပ်ရောဂါကြောင့် မြေထဲပင်လယ် ကမာမျိုးစိတ်တစ်ခု မျိုးသုဉ်းသွားနိုင်တဲ့ အန္တရာယ် ကြုံနေရဒီနေ့နောက်ဆုံးရ နိုင်ငံတကာသတင်း - International News In-Brief" OKR နှင့်မိတ်ဆက်ခြင်း"စမ်းချောင်းက ဆရာဝန်အသတ်ခံရမှု ကျုးလွန်သူကိုမိပြီလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ရေခဲမှတ်အောက်ထိ အေးမြနေချိန်မှာ ရေဆင်းစိမ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ကမ္ဘာနှစ်ထပ်ရုပ်ရှင်ရဲ့အမှတ်တရတွေကို ပြောပြလာတဲ့ မေကဗျာရှေ့ဘီးထောင်လျက်သား ဆိုင်ကယ်စီးပြီး ကမ္ဘာ့အမြန်ဆုံး စံချိန် တင်ခဲ့တဲ့ လူစှနျ့စားဘုရားသွားကျောင်းတက် သီတင်းကျွတ်ရက်မြတ်ပွညျသူတှကေို စည်းလုံးစေချင်ကြောင်း ထိုင်းဘုရင် တိုက်တွန်းတရုတ် စစ်လေယာဉ်ကို ဟန့်တားခဲ့တဲ့ လေသူရဲတွေကို ထိုင်ဝမ် သမ္မတ သွားရောက် ဂုဏ်ပြုမီးပံုးပ်ံလႊတ္ၾကမယ္ဗိသုကာပညာရပ်ဆိုင်ရာ အလုပ်အကိုင်တွေအတွက် အခွင့်အလမ်းသမ္မတ ဦးဝင်းမြင့် အိန္ဒိယကို ချစ်ကြည်ရေးခရီးစဉ်ထွက်ခွာNow & Ever က တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာ ဖြစ်နေမနက်ခင်း သတင်းစာ - Morning News on Myanmarတရားရေးမဏ္ဍိုင်ကို မီးမောင်းထိုးပြမယ့် “သမ္မတကြီးထံပေးစာ”ပိုးမမှီသာ ကိုဝန်းရံပေးကြတဲ့ မေတိုးခိုင်၊ နော်ဖောအယ်ထားနဲ့ ဘုန်းသီရိကျော်အကောင်းဆုံးပြင်ဆင်ပြီးပြန်လာခဲ့မယ်လို့ အောင်လအန်ဆန်ဆိုအရပ္ရွည္ခ်င္လား (Get Fit With Andy)သိထားသင့္တဲ့ အပြေးလေ့ကျင့်ခန်း