Загрузка...

“Popolay ဗဟုသုတ”_နေကြာစေ့စားခြင်းရဲ့ အကျိူးကျေးဇူး 8 မျိုး 🌻

နေကြာစေ့သေးသေးလေးတွေက စားရတာ ပျော်စရာကောင်းပြီး ထင်းထားတာထက် ပိုပြီးအကျိုးရှိပါတယ်နော်။ TV လေးကြည့်တဲ့အခါဖြစ်ဖြစ် နားနားနေနေ နေတဲ့အခါတွေမှာ နေကြာစေ့လေး စားတက်ကြပါတယ်။ နေကြာစေ့လေးတွေက စားလို့ကောင်းလို့သာ အပျင်းပြေစားတက်ကြပြီး နေကြာစေ့လေးတွေက ဘာအတွက်ကောင်းလဲဆိုတာတော့ သတိမထားမိကြပါဘူး
ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းကတော့ တို့တွေအပျင်းပြေစားစားနေတဲ့ နေကြာစေ့လေးတွေမှာ ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကိုပါ။ နေကြာစေ့လေးတွေက အစေ့သာသေးတာ ကျိုးကျေးဇူးတွေကတော့ ပေါ့ပေါ့သေးသေးမဟုတ်ဘူးနော်။
နေကြာစေ့စားခြင်းရဲ့ အကျိူးကျေးဇူး 8 မျိုးကိုပြောပြပေးလိုက်ပါတယ်။
1. ပရိုတင်းဓာတ်ပါဝင်တယ်
နေကြာစေ့များသည် ပရိုတင်းဓာတ် မြင့်မားသည်။ ကြက်ဥအနှစ်တို့ အသည်းတို့မှာပါဝင်တဲ့သံဓာတ်လိုမျိုး ဆင်တူတဲ့ သံဓာတ်လည်း ပါရှိပါတယ်။ ထို့ကြောင့်၊ ပရိုတင်းဓာတ်ထည့်လိုသူများ နေကြာစေ့ကို သရေစာအဖြစ် အလွယ်တကူ စားသုံးနိုင်ပါတယ်။
2. သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးတယ်
နေကြာစေ့တွင် မပြည့်ဝဆီများ ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်သည် ဤဖက်တီးအက်ဆစ်များသည် သွေးနီဥဆဲလ်များကို ကျန်းမာစေကာ သွေးနီဥဆဲလ်များစုနေခြင်းကို ကာကွယ်ပေးတာကြောင့် သွေးကြောပိတ်ဆို့ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်သည်။
3. မျက်စိအားကောင်းစေတယ်
နေကြာစေ့မှာပါတဲ့ ဗီတာမင် E က မျက်ကြည်လွှာအတွင်း မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေနဲ့ အောက်ဆီဂျင်ဓာတ်မတည့်မှုကို တားဆီးပေးပြီး မျက်တွင်းတိမ်ကို ကာကွယ်ရန် ကူညီပေးဖွယ်ရှိသည်။ သို့သော်လည်း ဗီတာမင် E သည် မျက်စိအတွင်းတိမ်ကို ကာကွယ်နိုင်မည်ဟု သေချာသော သုတေသနပြုချက်မရှိသောကြောင့် အတည်မပြုနိုင်သေးပေမယ့် ဗီတာမင် E က မျက်စိအမြင်အာရုံကို အာဟာရဖြစ်စေဖို့ အတိုင်းအတာအထိ ကူညီပေးပါတယ်။
4. နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်
ဗီတာမင် E သည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးသည့် antioxidant အမျိုးအစားဖြစ်သည်။ ထို့အပြင် နေကြာစေ့တွင်ရှိသော မပြည့်ဝဆီအက်ဆစ်များသည် သွေးကြောအတွင်းရှိ အဆီများကို လျှော့ချပေးကာ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးသည်။
5. စိတ်ဖိစီးမှုကို သက်သာစေတယ်
နေကြာစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောစနစ်ကို အာဟာရဖြစ်စေဖို့ ကူညီပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နေကြာစေ့စားတဲ့အခါ စိတ်ကို ပြေလျော့စေတယ်။ ဒါကြောင့် လူတော်တော်များများက နေကြာစေ့ကို အပျော်စားတာ၊ အပျင်းပြေစားကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
6. ထုံကျင်ခြင်းကို သက်သာစေသည်
နေကြာစေ့တွင် မဂ္ဂနီဆီယမ်နှင့် ဗီတာမင် B2 နှစ်မျိုးလုံးပါဝင်ပြီး အာရုံကြောစနစ်နှင့် သွေးကြောများကို အာဟာရဖြည့်ပေးကာ ထုံကျင်ခြင်းကို လျှော့ချပေးကာ အရိုးတွေကို သန်မာအောင် ကူညီပေးတယ်။
7. ဝမ်းမှန်စေသည်
နေကြာစေ့မှာ အမျှင်ဓာတ် မျှတစွာ ပါဝင်တာကြောင့် နေကြာစေ့ စားသုံးခြင်းက အစာခြေစနစ်ကို အထောက်အကူပြုနိုင်ပါတယ်။ ဝမ်းချုပ်တက်တဲ့သူတွေအတွက် နေကြာစေ့ကို သရေစာအဖြစ် နေ့တိုင်းစားတာက ကောင်းတဲ့အကြံတစ်ခုပါ။
8. အသားအရေကို အာဟာရဖြည့်ပေးသည်
နေကြာစေ့သည် ဗီတာမင် E များစွာပါဝင်သည့် သေးငယ်သော အစေ့အဆန်များဖြစ်သည်။ ဗီတာမင် E သည် ကျွန်ုပ်တို့၏ အသားအရေကို တောက်ပပြီး အစိုဓာတ်ရရှိစေရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
#popolayဗဟုသုတ #knowledgesharing #sunflowerseed
-----------------------------------
😏ဘယ်လို အစီအစဉ်နဲ့ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းတွေ တင်ပြလာမှာလဲ ဆိုတာကိုတော့ ပရိတ်သတ်တို့နဲ့အတူ စောင့်မျှော်ရင်း Popolay Facebook page, Youtube channel, Tiktok တွေကို like, share & follow လုပ်ထားပေးဖို့ မမေ့နဲ့နော်။

📍Popolay Youtube: https://www.youtube.com/@PopolayTV
📍Popolay Tiktok: https://www.tiktok.com/@popolay_official
📍Popolay Facebook: https://www.facebook.com/popolaytv

Видео “Popolay ဗဟုသုတ”_နေကြာစေ့စားခြင်းရဲ့ အကျိူးကျေးဇူး 8 မျိုး 🌻 канала PopolayTV
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять