Загрузка...

"Popolay ဗဟုသုတ"_ ဒူးနာခြင်းဝေဒနာ သက်သာပျောက်ကင်းစေမယ့် အစားအစာ (၇)မျိုး 🙋‍♀️

ဒူးနာခြင်းဝေဒနာ သက်သာပျောက်ကင်းစေမယ့် အစားအစာ (၇)မျိုး 🍐
နေ့စဉ်နဲ့အမျှလှုပ်ရှားသွားလာနေရတဲ့ လူနေမှုဘဝကြီးမှာ ကျွန်တော်တို့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု နေထိုင်လို့မကောင်းရင် အလုပ်လုပ်ရတာလဲ အလိုလိုနေရင်းမပျော်တော့ပါဘူး။ ဒူးခေါင်းဟာလဲ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လို့နေပါတယ်။
ကျွန်တော်တို့ ဒူးခေါင်းနာလာတယ်ဆိုရင် ထိုင်ရမလို၊ ထရမလို ထိုင်နေရင်လဲ တဆစ်ဆစ်ကိုက်၊ ထနေရင်လဲနာတာတွေရှိလာပြန်တဲ့ ဒူးခေါင်းဝေဒနာဟာ အင်မတန်မှ ခံရခက်ပါတယ်။ 🙋‍♀️
၁။ မုန်လာဥနီ🥕
ဒူးခေါင်းနာ သက်သာစေချင်တယ်ဆိုရင်တော့မုန်လာဥနီကို ကြော်စားတာက အကောင်းဆုံးပါ။ ဒါဟာရှေးခေတ်ကတည်းက တရုတ်လူမျိုးတွေ အသုံးပြုခဲ့တဲ့ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ ဥနီကို ဒီတိုင်းအစိမ်းစားတာကလဲဆေးဖက်ဝင်ပေမယ့် ကြော်စားတာက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆေးပညာစာအုပ်တွေမှာဖော်ပြထားပါတယ်။
၂။ နနွင်းမှုန့်🫚
ကုလားပဲဟင်း၊ ကုလားစာကြိုက်နှစ်သက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒူးနာနေတယ်ဆိုရင်တော့ ကုလားပဲဟင်းထဲကို နနွင်းမုန့်များများထည့်ပြီး စားသုံးပေးလိုက်တာအကောင်းဆုံးဖြစ်မှာပါ။
၃။ ဂျင်း
တခါတလေ ဒူးနာတာ ၊ ဒူးကိုက်တာတွေဟာ လေကြောင့် အပူကြောင့်ဖြစ်တတ်တာမျိုးတွေရှိပါတယ်။ ဒီလို ဝေဒနာမျိုးခံစားရတဲ့အခါ ဂျင်းပြုတ်ရည် ပူပူလေး တစ်ခွက်သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ဟာအပူကင်းစင်စေပြီး သွေး၊လေ လည်ပတ်မှုကောင်းစေမှာဖြစ်ပါတယ်။
၄။ သစ်ကြားသီး
သစ်ကြားသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိုမီဂါ-၃ ပါဝင်မှုများတာကြောင့် ဒူးခေါင်းနာ သက်သာစေမှာဖြစ်ပါတယ်။ သစ်ကြားသီးစားပေးခြင်းအားဖြင့် မှတ်ဉာဏ်အား ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ဝိတ်မတက်အောင်လဲ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။
၅။ ထောပတ်သီး🥑
ထောပတ်သီးမှာ ပါဝင်တဲ့ oleic အက်ဆစ်ဟာ ဒူးခေါင်းနာခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် oleic အက်ဆစ် ဒူးခေါင်းမှာဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာ တွေကိုလဲ အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
၆။ ငရုတ်သီး အနီတောင့်🌶
ငရုတ်သီးအနီတောင့်ဟာ ဗီတာမင်စီကြွယ်ဝတာကြောင့် အရိုးတွေ၊ အဆစ်တွေသန်မာအားကောင်းလာစေဖို့ မဖြစ်မနေစားသင့်တဲ့အရာဖြစ်ပါတယ်။
၇။ နာနတ်သီး🍐
အချဉ်သီးထဲမှာ ဗီတာမင်စီအကြွယ်ဝဆုံးလို့ပြောရမယ့် နာနတ်သီးဟာလဲ အရိုုးအဆစ်တွေ သန်မာလာစေဖို့ စားပေးသင့်တဲ့အရာဖြစ်ပါတယ်။ နာနတ်သီး ဖျော်ရည်တစ်နေ့တစ်ခွက်လောက်သောက်ခြင်းက သင့်ကို ဒူးခေါင်းဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းစေပါလိမ့်မယ်။
(ပိုပိုလေး)
#popolay2024 #ဒူးနာခြင်းဝေဒနာ
-----------------------------------
😏ဘယ်လို အစီအစဉ်နဲ့ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းတွေ တင်ပြလာမှာလဲ ဆိုတာကိုတော့ ပရိတ်သတ်တို့နဲ့အတူ စောင့်မျှော်ရင်း Popolay Facebook page, Youtube channel, Tiktok တွေကို like, share & follow လုပ်ထားပေးဖို့ မမေ့နဲ့နော်။

📍Popolay Youtube: https://www.youtube.com/@PopolayTV
📍Popolay Tiktok: https://www.tiktok.com/@popolay_official
📍Popolay Facebook: https://www.facebook.com/popolaytv

Видео "Popolay ဗဟုသုတ"_ ဒူးနာခြင်းဝေဒနာ သက်သာပျောက်ကင်းစေမယ့် အစားအစာ (၇)မျိုး 🙋‍♀️ канала PopolayTV
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять