Загрузка страницы

အိန္ဒိယရဲ့အကြီးဆုံးပြည်နယ် Rajasthan ရဲ့မြို့တော် Jaipur မှာတရက်တာ

1) Rajasthan ဆိုတာ အိန္ဒိယရဲ့အကြီးဆုံးပြည်နယ်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံနဲ့ထိစပ်နေပါတယ် ဘုရင်များရဲ့နယ်မြေလို့အဓိပ္ပါယ်ထွက်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လဲ သမိုင်းဝင်နန်းတော်တွေ ခံတပ်တွေ အများအပြားရှိနေတာပါ။ Rajasthan ပြည်နယ် ရဲ့မြို့တော်က ဂျိုင်ပူးမြို့ (သို့) ပန်းရောင်မြို့လို့လဲခေါ်ပါတယ်။ 1876 ခုနှစ် အင်္ဂလိပ်ကိုလိုနီကျရောက်နေချိန်မှာ ဝိတိုရိယဘုရင်မနဲ့ကြင်ယာတော်တို့ ဂျိုင်ပူးမြို့ကိုလာလည်တာကို ကြိုဆိုတဲ့အနေနဲ့ မြို့ဟောင်းတခုလုံးကို ပန်းရောင်ဆေးသုပ်ခဲ့ပါတယ်။ အဲ့ဒီကနေအစွဲပြုလို့ Pink City ဆိုပြီးနာမယ်တွင်သွားတာအခုထိပါပဲ။ အစိုးရကခုထိလဲမြို့ဟောင်းထဲကိုတခြားအရောင်ပေးမသုပ်ပါဘူး။ (ပန်းရောင်ဆိုပေမယ့် ပန်းရောင်နဲ့မတူသလိုပဲအုတ်ခဲနီရောင်ဖျော့ဖျော့လို့ပဲကိုယ်မျက်လုံးထဲမြင်မိတယ်။)
2) ခုသွားခဲ့တဲ့ Amer Fort ကို ၁၆ရာစုမှာ သဲကျောက်တွေနဲ့ အဓိကဆောက်လုပ်ထားတာပါ။ Amer Fort or Palace အမ်မာခံတပ်(သို့)နန်းတော်က Jaipur မြို့အပြင်အပြင်ဘက်နားမှာရှိပါတယ်။ 2013 ခုနှစ်မှာ UNESCO World Heritage Site ထဲကို Rajasthan ပြည်နယ်က တောင်ပေါ်ခံတပ်များအဖြစ် အခြားသောခံတပ် (၅)ခုနဲ့အတူစာရင်းသွင်းခံခဲ့ရပါတယ်။ သူနဲ့တဆက်ထဲရှိနေတာက Jaigarh ခံတပ်ပါ။ စစ်ဖြစ်ရင် Amer နန်းတော်ကနေထွက်ပြေးလို့ရအောင် Jaigarh ခံတပ်နဲ့တဆက်တည်းလှိုဏ်ဂူလမ်းနဲ့ဆက်သွယ်ထားပါတယ်။ ခံတက်ပေါ်ကိုရှေးခေတ်ကဘုရင်တွေလို ဆင်နဲ့တက်လို့ရပါတယ်။ နောက်တခုက ခြေကျင်လမ်းလျောက်တက်လို့ရပါတယ်။ လမ်းလျောက်ရင်တောဆင်ချီးတက်နင်းမိနိုင်တာမို့သတိထားလျောက်ဖို့လိုမယ် :D ။ အထဲမှာအကျယ်ကြီးတကယ်စေ့စေ့စပ်စပ်လည်မယ်ဆိုတနေကုန်နိုင်ပါတယ်။
3) Nahagarh ခံတပ်ကတော့မြို့နဲ့ပိုနီးတော့ရိုက်ထားတဲ့အတိုင်း မြို့ပေါ်ကိုစီးမြင်နေရပါတယ်။ ညနေဘက်နေဝင်ချိန်ကြည့်လို့ကောင်းတဲ့နေရာတခုလို့ညွှန်းကြပါသေးတယ်။ သူကတော့ ၁၇ရာစုမှာဆောက်ထားတာပါ။
4) Jal Mahal ကတော့ရေကန်အလည်မှာရှိတဲ့ နန်းတော်အသေးလေး အဝေးကနေပဲကြည့်လို့ရတယ် အထဲဝင်လို့မရဘူး။
5) Jaipur မှာနောက်လည်ခဲ့တဲ့နေရာက City Palace နေ့လည်ကြီးပူလွန်းလို့အာရုံနောက်နေတာနဲ့ video record မလုပ်ဖြစ်လိုက်ဘူး။

Видео အိန္ဒိယရဲ့အကြီးဆုံးပြည်နယ် Rajasthan ရဲ့မြို့တော် Jaipur မှာတရက်တာ канала Pyay TK
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
22 сентября 2018 г. 14:18:41
00:02:30
Яндекс.Метрика