Загрузка...

MLC Plus Combat Sports News တိုက်ခိုက်ရေးအားကစားသတင်းများ

ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးချင်ပါတယ်။

ပထမဆုံးတင်ဆက်ပေးမှာက ကျော်စွာဝင်းနဲ့ Samingdam (ဆမင်ဒမ်) တွဲဆိုင်းဖြစ်ပါတယ်။ မတ်လ (၂၀) ရက်မှာ ကျင်းပမယ့် ONE Friday Fights 147 ပြိုင်ပွဲမှာ ကျော်စွာဝင်းနဲ့ Samingdam (ဆမင်ဒမ်) တို့ကို တည်ပေးထားပြီး ဖလိုင်းဝိတ် (၁၃၅ ပေါင်) တန်းမှာ ကစားပါလိမ့်မယ်။ ပွဲဦးထွက်မှာ ကျော်စွာဝင်းက Muga Seto (မူဂါစီတို) ကို အလဲထိုးပြီး အပိုဆုကြေးရထားပါတယ်။ အဲဒီတုန်းက ဘင်တန်ဝိတ် (၁၄၅ ပေါင်) တန်းမှာ ဖြစ်ပါတယ်။ အခုတော့ ကျော်စွာဝင်းက (၁၀) ပေါင်ချပြီး ဖလိုင်းဝိတ်တန်းကို ဆင်းလာပါပြီ။ Samingdam (ဆမင်ဒမ်) ကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ မိုးထက်အောင်နဲ့ ဆွန်ရက်တို့ကို နိုင်ထားပြီး အခုဆိုရင် (၄) ပွဲဆက်နိုင်ထားပါတယ်။ လက်ရည်အတက်ပိုင်းကို ရောက်နေပြီး ONE Friday Fights ပြိုင်ပွဲတွေမှာ (၈) ပွဲနိုင်လို့ (၃) ပွဲရှုံးထားပါတယ်။

ဧပြီလ (၂၉) ရက်မှာ ကျင်းပမယ့် ONE Samurai 1 ပြိုင်ပွဲမှာ Rodtang (ရော့တန်) နဲ့ Takeru (တခဲရု) တို့က ဖလိုင်းဝိတ်ကစ်ဘောက်ဆင်ကြားဖြတ်ချန်ပီယံလုရပါမယ်။ အဲဒီပွဲဟာ Takeru (တခဲရု) ရဲ့ ကြေးစားနောက်ဆုံးပွဲဖြစ်ပြီး ရှုံးရှုံးနိုင်နိုင် အနားယူတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမှာဖြစ်ပြီး ပရိသတ်များတာမို့ ကစားသမားတွေက ဝင်ငွေကျန်းနိုင်ပါတယ်။ ထိုးကြေးကို စေဒကတက်ဖူးတဲ့ စူပါစတား Rodtang (ရော့တန်) အတွက်လည်း စိတ်ဖြေစရာဖြစ်လာနိုင်ပါတယ်။ အခွင့်အရေးရရင် အလဲထိုးမယ်၊ ကစ်ဘောက်ဆင်ခါးပတ်ကို ထိုင်းနိုင်ငံအထိ ပြန်သယ်လာမယ်လို့ Rodtang (ရော့တန်) က ကြုံးဝါးထားပြီး Takeru (တခဲရု) ကလည်း နောက်ဆုံးပွဲမှာ ခါးပတ်သိမ်းပြမယ်လို့ ဆိုထားပြန်ပါတယ်။

ဧပြီလ (၁၁) ရက်မှာ ကျင်းပမယ့် UFC 327 ပြိုင်ပွဲမှာ Jiri Prochazka (ယူရီ ပရိုဟက်စကာ) နဲ့ Carlos Ulberg (ကာလို့ အူးဘက်) တို့က ခေါင်ပွဲဖြစ်ပြီး လစ်လပ်လိုက်ဟဲဗီးဝိတ်ချန်ပီယံလုကြပါမယ်။ Alex Pereira (အဲလက် ပဟဲယား) က ခါးပတ်စွန့်လွှတ်လိုက်တာမို့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်က လစ်လပ်သွားတာပါ။ မကြာခင်မှာပဲ Alex Pereira (အဲလက် ပဟဲယား) နဲ့ Ciryl Gane (စီယယ် ဂန်း) တို့က ဟဲဗီးဝိတ်ကြားဖြတ်ချန်ပီယံလုကြပါလိမ့်မယ်။

UFC 327 ပြိုင်ပွဲမှာ Joshua Van (ဂျိုရှုအာ ဗန်) နဲ့ Tatsuro Taira (တက်ဆူရို တိုင်ယာ) တို့က ဒုတိယခေါင်ပွဲဖြစ်ပြီး ဖလိုင်းဝိတ်ချန်ပီယံလုကြပါလိမ့်မယ်။ အာရှသားအချင်းချင်းက ခါးပတ်အပြိုင်လုကြတာဖြစ်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားလာတဲ့ ကစားသမားတွေက သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ခါးပတ်လုကြတာပါ။

Dave Leduc (ဒေ့ လူးဒက်) နဲ့ Mori Motaza (မိုရီ မိုတာဇာ) တို့က (၈၀) ကီလိုတန်းမှာ ခွန်ခမာကစားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ ကြေညာချက်ထဲမှာ ရက်စွဲနဲ့ အချီအရေအတွက်ကို မထုတ်ပြန်ခဲ့ပေမယ့် ခွန်ခမာစည်းမျဉ်းဆိုတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကစားမယ်လို့ပဲ နားလည်မိပါတယ်။ ဒါတော့ အခုရက်ပိုင်းမှာ တက်လာတဲ့ သတင်းတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာပါ။ နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာအကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့ Like & Subcribe လုပ်ထားပါဦးခင်ဗျာ။

#mlcplus #news #combatsports #combatsportsnews

Видео MLC Plus Combat Sports News တိုက်ခိုက်ရေးအားကစားသတင်းများ канала Myanmar4you
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять