Загрузка...

စောရေထူး နှင့် ကိုနိုင်း (လှိုင်းဘွဲမြေကပွဲကြမ်းသုံးပွဲပေါင်း)

ကိုနိုင်း(ဇာနည်သွေး) နှင့် စောရေထူး(ဒို့ရိုးရာ) တို့နှစ်ဦး လှိုင်းဘွဲမှာဆုံခဲ့ပါတယ်။ ဆယ်သိန်းအောင်လံဗိုလ်လုပွဲမှာ ဆိုင်ထိုးပြိုင်ထိုး သတ္တိချင်းထိပ်တိုက်တွေ့ခဲ့ကြတာပါ။ ကိုနိုင်းရဲ့ ဆယ်လံမြောက် အောင်လံဖြစ်ခဲ့ပြီး ကလပ်မတည်ငြိမ်တဲ့ စောရေထူးဟာ ဒို့ရိုးရာမှာ ခိုလှုံရင်း ကိုနိုင်းကိုသတ္တိပြခဲ့ပါတယ်။ ကရင်အမျိုးသားချင်းအတူတူဖြစ်သလို နင်လားငါလား ပြတ်ပြတ်သားသားပဲ စောရေထူး ဆုံးဖြတ်ရင်ဆိုင်သွားတာဖြစ်လို့ ပွဲအဖြေကပြတ်သားလွန်းပါတယ်။ နောက်တပွဲက ညီညီ(ဧရာဝတီ) နှင့် လက်ဝှေ့သမားအများဆုံးထွက်ရာ လက်ခတ်ရွာမှ ရဲမင်း(လက်ခတ်)ပါ။ လက်ခုပ်သံများဆူညံစွာပေါ်ထွက်စေခဲ့ပြီး ဆုတော်ငွေများ ရယူနိုင်ခဲ့သည်ထိ သူတို့နှစ်ဦးအစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံးတွဲဆိုင်းက လှိုင်းဘွဲနယ်ခံ အောင်လံရှင်လူငယ်နှစ်ဦးပါ။ စောနွယ်သား နှင့် မိုးထိအောင်တို့ဖြစ်ပြီး ပွဲကြီးမှာလာတွေ့ရသူ ဇပြင်းသူများမို့ အိတ်သွန်ဖာမှောက် ကစားသွားတာကို သုံးပွဲပေါင်း ရှုစားပါဦးခင်ဗျာ။

Видео စောရေထူး နှင့် ကိုနိုင်း (လှိုင်းဘွဲမြေကပွဲကြမ်းသုံးပွဲပေါင်း) канала Myanmar4you
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять