Загрузка...

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို တိုက်ခိုက်မှုမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်ကို အသုံးပြုခဲ့

25 May 2026
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဒရုန်၊ ဒုန်းကျည်တွေနဲ့ အစုလိုက်အပြုံလိုက်
တိုက်ခိုက်မှုမှာ ရုရှားက နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ဟိုက်ပါဆောနစ်
ဒုံးကျည်ကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။
မနေ့က ကိယက်ဗ်မြို့ကို တိုက်ခိုက်မှုမှာ ရုရှားက အစွမ်းထက်တဲ့ Oresnik
ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့တာဟာ စစ်ပွဲစကထဲက တတိယ
အကြိမ်မြောက် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားဘက်က သူတို့ထိန်းချုပ်ထားတဲ့ လူဟန့်စ် (Luhansk) ဒေသ၊ Starobilsk
မြို့မှာရှိတဲ့ ဆရာအတတ်သင်ကောလိပ်တစ်ခု ယူကရီန်းက ဒရုန်းနဲ့ တိုက်ခိုက်
ခဲ့လို့ တုန့်ပြန်တိုက်တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပျက်စီးခဲ့ပြီး အမျိုးသမီးငယ်အများစု
အပါအဝင် လူ (၂၁) ဦးအထိ သေဆုံးခဲ့တယ်လို့ ယူကရိန်းကို စွပ်စွဲပါတယ်။
ယူကရိန်းစစ်တပ်ဘက်ကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်မထားဘဲ
အဲဒီဒေသမှာရှိတဲ့ ရုရှားအထူးဒရုန်းကွပ်ကဲရေးတပ်ဖွဲ့ ကိုသာ နိုင်ငံတကာဥပဒေနဲ့
အညီ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ငြင်းဆိုထားပါတယ်။
ဒိနောက် ၂၄နာရီအတွင်း တနင်္ဂနွေနေ့မှာပဲ ယူကရိန်းမြို့တော် ကိယက်ဗ် (Kyiv) နဲ့
အနီးတစ်ဝိုက်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ ရာနဲ့ချီပြီး အကြီးအကျယ်
တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရုရှားရဲ့ အစွမ်းထက် Oreshnik ဟိုက်ပါဆောနစ် ဒုံးကျည်ကိုပါ
အသုံးပြုခဲ့ပြီး လူ (၄) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ၄ နှစ်တာ စစ်ပွဲကာလအတွင်း ကိယက်ဗ်မြို့ကို အပြင်းထန်ဆုံး
တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
ရုပ်သံ- Social Media

#mnonews #russia #ukraine

MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။

Website- www.mnonews.com

Facebook- https://www.facebook.com/share/1AMGQiqdTK/

Youtube-https://youtube.com/@MNO-NEWS?si=RtZjlpkC0MD6tvoQ

Видео ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို တိုက်ခိုက်မှုမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်ကို အသုံးပြုခဲ့ канала MNO NEWS
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять