Загрузка страницы

မုန်လာဥနီချိစ်ပူတင်း🥕🥕🥕🍮🍮🍮

မုန်လာဥနီချိစ်ပူတင်း🥕🥕🥕🍮🍮🍮

မုန်လာဥနီချိစ်ပူတင်းလေးကို ဒီ Covid ကာလအတွက် သေချာစဥ်းစားပြီးလုပ်ပေးတာပါ။ အခုကာလမှာ အိမ်မှာနေတာများတော့ Screen time တွေတော်တော်များကြမယ်လို့ထင်ပါတယ်။ လူအများစုက ဖုန်း၊ ကွန်ပြူတာ၊ တီဗွီတွေနဲ့ အချိန်တော်တော်များများကိုအသုံးပြုနေကြတော့ မျက်စိအားကောင်းဖို့လဲလိုပါတယ်။ ဒီကာလမှာ အားလဲရှိ မျက်စိလဲ အားကောင်းအောင်လို့ “မုန်လာဥနီချိစ်ပူတင်း” လေးကို လုပ်ပြပေးလိုက်တယ်နော်။ မုန်လာဥနီ နဲ့လုပ်တဲ့မုန့်တွေကို အိစံက အရင်ကဆို မစားတတ်ဘူး။ အဓိကကတော့ မုန်လာဥနီအနံ့တမျိုးဖြစ်မယ်ဆိုပြီးထင်ထားလို့ပါပဲ။ မုန်လာဥနီကို သေချာလေးလုပ်တတ်ရင် အရမ်းစားကောင်းတဲ့ မုန့်တွေထွက်လာတယ်ဆိုတာ နောက်ကျသိလာရတယ်။ အခုလုပ်ထားတာက မုန်လာဥနီအနံ့အရမ်းမနံပဲ မွှေးကြိုင်ပြီး အရမ်းစားကောင်းတဲ့ “မုန်လာဥနီချိစ်ပူတင်း”လေးဖြစ်တာကြောင့် video လေးကို ကြည့်ပြီး လုပ်ကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ မုန်လာဥနီ - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ချိစ်အပြား - ၈ ပြား
၃။ သကြား - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၄။ ဂျုံမှုန့် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၅။ ကြက်ဥ - ၂ လုံး
၆။ နွားနို့ - ၅၀၀ ml
၇။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း
၈။ နို့မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
(၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Видео မုန်လာဥနီချိစ်ပူတင်း🥕🥕🥕🍮🍮🍮 канала Ei San's homemade Inspiration
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
20 ноября 2020 г. 12:57:24
00:03:38
Яндекс.Метрика