Загрузка страницы

ငရုတ်သီးထမင်းကြော်

ငရုတ်သီးထမင်းကြော်

ငရုတ်သီးထမင်းကြော်ကတော့ အိစံသူငယ်ချင်းတယောက်က သူတို့အိမ်မှာကြော်စားနေကျ အလွယ်တကူလုပ်လို့ရတဲ့ ထမင်းကြော်တမျိုးပါ။ ငရုတ်သီးထမင်းကြော်မှာ ငရုတ်သီးနှင့် နံနံပင်များများထည့်ကြော်ထားလို့ မွှေးကြိုင်နေပြီးအလွန်ကိုစားလို့ကောင်းပါတယ်။ ပါဝင်သောပစ္စည်းတွေကလဲ အလွယ်တကူရှိတဲ့ဟာတွေဆိုတော့ အခုပဲ Video လေးကိုကြည့်ပြီးလိုက်လုပ်ကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ အအေးခံထားသောထမင်း - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးမောက်မောက်
၂။ ငရုတ်သီးစိမ်း - ၃ တောင့်
၃။ ကြက်သွန်ဖြူ - ၃ မွှာ
၄။ မုန်လာဥနီ - အနည်းငယ်
၅။ နံနံပင် - ၁၂ ပင်
၆။ ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၇။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ပဲငံပြာရည်အပျစ် (သို့) ကြာညို့ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၉။ Goody နေကြာဆီ - ထမင်းစားဇွန်း ၃ ဇွန်း
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Видео ငရုတ်သီးထမင်းကြော် канала Ei San's homemade Inspiration
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
1 июня 2020 г. 11:17:25
00:03:46
Яндекс.Метрика