Загрузка...

“အေအေထိန်းချုပ်ထားတဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ဘယ်လိုဝင်မှာလဲ” - BBC News မြန်မာ

“မြေပြင်အခြေအနေအရတော့ စစ်တွေမြို့ကိုသွားလို့ရတယ်။ ကျောက်ဖြူမြို့ကို သွားလို့ရတယ်။ မာန်အောင်ကတော့ transportation မရှိပါဘူး။ ဖုန်းလည်းဆက်လို့မရဘူး။ ပါတီကို ထူထောင်လို့ ပါတီထဲပါလာမယ့်ခေါင်းဆောင်လုပ်မယ့်သူတွေနဲ့လည်း ဒီနေ့ထိ ဆက်သွယ်လို့မရသေးပါဘူး။ အင်တာ နက်လိုင်းတွေမရှိတဲ့အတွက်ကြောင့် ပြည်သူတွေနဲ့ ဆက်သွယ်ဖို့ဆိုတာက မြေပြင်အနေအထား ခရီးစဥ် မရှိတဲ့အတွက်ကြောင့် အခက်အခဲတွေအများကြီးရှိပါတယ်။ အစိုးရရဲ့ယန္တရားအောက်မှာ မရှိတဲ့ မြို့နယ် တွေက ရခိုင်မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့အခွင့်အရေးတွေက လက်ရှိအနေအထားတွေအရ ကျွန် တော်တို့ မမြင်ရပါဘူး”

ရခိုင်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP မှတ်ပုံတင်လျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ အဲဒီ ANP ရဲ့ ပါတီခေါင်းဆောင်ပိုင်းလည်းဖြစ် လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးဘရှိန်က ရခိုင်တိုင်းရင်းသားများပါတီ RNP ဆိုပြီး ပါတီသစ်ထူထောင်ပြီး ရခိုင်ပြည်နယ်အဆင့် စည်းရုံး ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်လာပါတယ်။ ဘာကြောင့် ပါတီအသစ်ထောင်တာလဲ။ ရခိုင်တစ်ပြည် နယ်လုံးနီးပါး အေအေထိန်းချုပ်ထားတဲ့အခြေအနေမှာ ရွေးကောက်ပွဲအတွက် ဘယ်လိုစည်းရုံးမှာပါလဲ။ ဒီရွေးကောက်ပွဲကနေ ဘာအပြောင်းအလဲတွေရနိုင်မယ်လို့ ယုံကြည်ထင်မှတ်နေပါသလဲ။ အေအေက လက်မခံဘူးလို့ ပြောထားတဲ့ ရွေးကောက်ပွဲကနေ ထွက်လာမယ့်ရလဒ်ဟာ ရခိုင်ပြည်နယ်မှာ ဘယ်လောက်ထိကြာရှည်ခံနိုင်မှာပါလဲ။ ပါတီတည်ထောင်သူ ဦးဘရှိန်ကို မအေးသူစံက တွေ့ဆုံမေးမြန်း ထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ရခိုင်

Видео “အေအေထိန်းချုပ်ထားတဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ဘယ်လိုဝင်မှာလဲ” - BBC News မြန်မာ канала BBC News မြန်မာ
Яндекс.Метрика

На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.

Об использовании CookiesПринять