Загрузка...

ရွှေကူတိုက်ပွဲမှာ စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံထုတ်ပြလာ | People's Spring

ရွှေကူတိုက်ပွဲမှာ စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံထုတ်ပြလာ

မေ - ၂၄ ၊၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်သေဆုံးမှုများအောင် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းအချို့က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်နဲ့ကချင်အစပ် မှာရှိတဲ့ ငအိုးရွာနဲ့ ရွှေကူမြို့နယ် ထဲမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၁) ၊ ရွှေကူ KPDF ဒရုန်းတပ်ဖွဲ့တို့က ဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ရာမှာ အသိပေးထားပါတယ်။

တိုက်ခိုက်မှု ရုပ်သံမှာ စစ်တပ် ဘန်ကာကျင်းနေရာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား၊ စစ်ကောင်စီတပ် နေရယူထားတဲ့ နေအိမ်အချို့ ၊ တောထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တည်နေရာတွေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ အထက်ပိုင်းထိစပ်နေတဲ့ ကချင်ပြည်နယ် ၊ရွှေကူမြို့ နယ်ထဲဆီ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေ နေ့စဉ်ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကပြောပါတယ်။

ရွှေကူမြို့နယ်နဲ့ ငအိုးရွာကြားက ငါးလမ်းဆုံနေရာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ ငအိုးရွာဟာ ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်ကြားမှာတည်ရှိတာပါ။

စစ်ကောင်စီတပ်ဟာ အင်အား ၆၀၀ ကျော်လောက်သုံးပြီး စစ်ကြောင်းသုံးကြောင်းခွဲကာ ရွှေကူဘက်ဆီ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ရွှေကူက တဆင့် ဗန်းမော်ဘက်ဆီ စစ်ကူပို့ဖို့ ကြိုးပမ်းနေတာလည်းဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။

ဗန်းမော်ဟာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ ထိုးစစ်ကို စစ်ကောင်စီတပ်ရင်ဆိုင်နေရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းအင်အား တစ်သိန်းကျော်ရရှိထားတဲ့ စစ်ကောင်စီတပ်က ကချင်အပါအဝင် နိုင်ငံတဝှမ်းက လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ခြေလျင်တပ်အင်အားအလုံးအရင်းသုံးကား လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူယူပြီး ပြန်လည်ရယူဖို့ လုံးပမ်းနေတာပါ။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ရွှေကူတိုက်ပွဲ #ဒရုန်းတိုက်ခိုက်မှု #အသေခံဒရုန်း #စစ်ရေးသတင်း #မြန်မာ့နွေဦးတော်လှန်ရေး #ပြည်တွင်းသတင်း #ShweguBattle #DroneAttack #KamikazeDrone #MyanmarMilitary #MilitaryNews #MyanmarSpringRevolution #WhatsHappeningInMyanmar

Видео ရွှေကူတိုက်ပွဲမှာ စစ်တပ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံထုတ်ပြလာ | People's Spring канала People's Spring
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять