Загрузка страницы

DoubleJ - နီးနီးလေးနဲ့ဝေး (lyrics)

DoubleJ - နီးနီးလေးနဲ့ဝေး // Ne Ne Lay Nak Way

Lyrics
ဝေး အတူတူဆုံချိန်တိုင်းလည်း ဒို့နှစ်ယောက်ဝေး
အရင်လို ပြန်မဖြစ်တော့တဲ့ ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ ကြိတ်ငိုကြွေး
တကယ်ဆို နီးနီးလေးနဲ့ဝေး
အတူတူကိုင်ဆုပ်ထားတဲ့ လက်တွေအေး
အရောင်တွေ မှိန်ကာသွားခဲ့ ဓါတ်ပုံလေး
ချစ်လျက်မာနများခြား
ဒို့အဆုံးသတ်ကို ကြိုတွေးမရ
နီးနီးလေးလည်းဒို့နှစ်ယောက်မရှိနိုင်ဘူး
အဝေးဆုံးပြေးဖို့လည်းခွန်အားမရှိဘူး
ဆုပ်ရင်လည်းစူး စားရင်လည်းရူး
မြိုသိပ်ထားတဲ့ စကား များ ပြောမထွက်ခဲ့ဘူး
အရင်လိုအပြုံးတွေလည်း
မင်းဆီမှာငါမတွေ့တော့
တယ်လီဖုန်းတွေလည်း ပြောဖြစ်ရင်ခဏလေးပေါ့
ချစ်သေးရဲ့လားလို့တောင် ငါမမေးတော့
ပြိုလဲတော့မယ့် ဒို့နှစ်ယောက်ရဲ့ ကမ္ဘာလေးရော
အပေါင်းသင်းလည်းများ မင်းက Social ကျ
မတူတဲ့ အသိုင်းအဝိုင်းကြားရှေ့ဆက်နေခဲ့ရ
ယုံကြည်မှုတို့က တဖြည်းဖြည်းပျောက်ဆုံးသွား
အေးစက်စက်စကားများကို
ငါအကြောက်ဆုံးပါ
ပြိုင်မျဉ်းများအလား
နီးလေးရက်နဲ့ဆန့်ကျင်ဘက်ကို ပြေးသွား
တကယ်ချစ်တိုင်းလည်းမငြား
အဲ့ဒီစကားက ဒို့နှစ်ယောက်အတွက်ပဲလား
ဝေး အတူတူဆုံချိန်တိုင်းလည်း ဒို့နှစ်ယောက်ဝေး
အရင်လိုပြန်မဖြစ်တော့တဲ့ ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ ကြိတ်ငိုကြွေး
တကယ်ဆိုနီးနီးလေးနဲ့ဝေး
အတူတူကိုင်ဆုပ်ထားတဲ့ လက်တွေအေး
အရောင်တွေမှိန်ကာသွားခဲ့ ဓါတ်ပုံလေး
ချစ်လျက်မာနများခြား
ဒို့အဆုံးသတ်ကိုကြိုတွေးမရ
မီးတောက်လိုလောင်ကျွမ်းလို့လာခဲ့
ပြိုင်မျဉ်းနှစ်ကြောင်းလို ပြိုင်တန်းလွန်းပါရဲ့
အနာဂတ်တခုကို ခန့်မှန်းလို့မရပဲ
ဝေဝါးစွာမက်ခဲ့ အိမ်မက်များလည်း
အားလုံးပျက်ဆီး အားလုံးပြိုလဲ
တင်းလွန်းတဲ့ကြိုးတစ်ခုဟာ ပြတ်တယ်တဲ့
နှလုံးသားချင်းနီးပေမယ့် မဆက်သွယ်ခဲ့
ဘယ်သူမှားလဲ ဘယ်သူ့အပြစ်တွေလဲ
အချစ်ထက်အရေးကြီးတာတွေရှိသေးတယ်
ယုံစားမရတဲ့ မင်းကတိတွေ ထပ်မပေးနဲ့
နှလုံးသားထက် ဦးနှောက်ကို တို့တွေရွေးချယ်
အနည်းဆုံး တော့ မင်းအနားမှာရှိပေးခဲ့
ပြိုင်မျဉ်းများအလား
နီးလေးရက်နဲ့ ဆန့်ကျင်ဘက်ကိုပြေးသွား
တကယ်ချစ်တိုင်းလည်းမညား
အဲ့ဒီစကားက ဒို့နှစ်ယောက်အတွက်ပဲလား
ဝေး အတူတူဆုံချိန်တိုင်းလည်း ဒို့နှစ်ယောက်ဝေး
အရင်လိုပြန်မဖြစ်တော့တဲ့ ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ ကြိတ်ငိုကြွေး
တကယ်ဆို နီးနီးလေးနဲ့ဝေး
အတူတူကိုင်ဆုပ်ထားတဲ့ လက်တွေအေး
အရောင်တွေမှိန်ကာသွားခဲ့ ဓါတ်ပုံလေး
ချစ်လျက်မာနများခြား
ဒို့အဆုံးသတ်ကိုကြိုတွေးမရ
ဝေး အတူတူဆုံချိန်တိုင်းလည်း ဒို့နှစ်ယောက်ဝေး
ကိုယ်စီဒဏ်ရာများနဲ့ ကြိတ်ငိုကြွေး
တကယ်ဆိုနီးနီးလေးနဲ့ဝေး

#doublej
#နီးနီးလေးနဲ့ဝေး

Видео DoubleJ - နီးနီးလေးနဲ့ဝေး (lyrics) канала Grace
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
21 августа 2021 г. 13:08:26
00:03:05
Яндекс.Метрика