Загрузка...

ပါကစ္စတန်နိုင်ငံနှင့် CPECဖော်ဆောင်မှုတစ်ဆင့်တိုးမြှင့်တင်ရန်တရုတ်နိုင်ငံအသင့်ရှိဟု ပြောကြား #China

ပါကစ္စတန်နိုင်ငံနှင့် CPEC ဖော်ဆောင်မှု တစ်ဆင့်တိုးမြှင့်တင်ရန် တရုတ်နိုင်ငံအသင့်ရှိဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ပြောကြား

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ်-ပါကစ္စတန် စီးပွား‌ရေးစင်္ကြံ (CPEC) ဖော်ဆောင်မှုကို တစ်ဆင့်တိုးမြှင့်တင်ကာ နှစ်နိုင်ငံ ပေါင်းကူးဆက်သွယ်ရေးဆိုင်ရာ အရေးကြီးစီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ပေကျင်းမြို့၌ မေ ၂၅ ရက်က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ်ကာလ ဖြစ်သည့်အလျောက် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲနေသည့်ကြားတွင် ဘုံအကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသတွင်း ငြိမ်းချမ်းမှုအတွက် အပြုသဘော အရှိန်အဟုန်များ ဖြည့်တင်းပေးရေးအတွက် နီးကပ်သော ထိတွေ့ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုတို့ကို ဆက်လက်ထိန်းသိမ်းထားကြောင်း လီက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်းသံတမန်ရေး၌ ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် အစဉ်အမြဲ ဦးစားပေးလျက်ရှိကာ အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရေး၊ အပြန်အလှန် ပံ့ပိုးကူညီမှု ခိုင်ခိုင်မာမာရှိရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် ချဲ့ထွင်ရေး၊ တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းမှ ပိုမိုများပြားသော အကျိုးရလဒ်များ ဖြစ်ထွန်းရေးအတွက် ပါကစ္စတန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်သွားလိုကြောင်း လီက ပြောသည်။
ထို့အတူ စက်မှုလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး၊ ပြည်သူများ၏ အသက်မွေးမှုနှင့် ထောက်ပံ့ကူညီမှု စသည့် နယ်ပယ်များတွင် ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်ခိုင်မာမာရှိစေရန်၊ ပါကစ္စတန်၏ အရည်အသွေးမြင့်ထုတ်ကုန်များကို ပိုမိုတင်သွင်းရန်၊ နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်ရေးအတွက် ပါကစ္စတန်နိုင်ငံနှင့်အတူ အင်တိုက်အားတိုက် လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိသည်ဟု ၎င်းက ဆိုသည်။
နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များကို အတူတကွပျိုးထောင်ရန်အတွက် ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စွမ်းအင် စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ထုတ်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိင်းရှိုင်းရှိစေရန် ဆန္ဒရှိသကဲ့သို့ တရုတ်နိုင်ငံတွင် လာရောက်ပညာသင်ကြားရန်လည်း ပါကစ္စတန် ကျောင်းသား/ကျောင်းသူများကို ထပ်မံဖိတ်ခေါ်လိုကြောင်း၊ ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသား ဝန်ထမ်းများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးကင်းတည်ငြိမ်သော ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးအတွက် ပါကစ္စတန်ဘက်က လိုအပ်သည့် အစီအမံများ ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း လီက ဆက်လက်ပြောသည်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှရစ်ဖ်ကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးမှာ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ပြုကျင့်သုံးကာ ရှင်းကျန်း‌ဒေသ၊ ရှီးဇန့်ဒေသ၊ ပင်လယ်ရေကြောင်း ကိစ္စရပ်များနှင့် ထိုင်ဝမ်အရေး စသည့် တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို အစဉ်သဖြင့် ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများ တစ်ဆင့်တိုးမြှင့်တင်ရန်၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်၊ ပါကစ္စတန်-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို စဉ်ဆက်မပြတ် မြှင့်တင်ရန် အသင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ရှရစ်ဖ်က ပါကစ္စတန်နိုင်ငံတွင် တရုတ်စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုဖိတ်ခေါ်ကာ ပိုမိုဘေးကင်းလုံခြုံ၍ ပိုမိုကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးအတွက် ထိရောက်သော အစီအမံများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို ထောက်ခံအားပေးလျက်ရှိသည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းကို အထောက်အကူပြုရေးအတွက် တရုတ်နိုင်ငံနှင့် နီးကပ်သော နိုင်ငံစုံပါဝင်သည့် ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက်ထိန်းသိမ်းရန် အသင့်ရှိသည်ဟုလည်း ရှရစ်ဖ်က ဖြည့်စွက်ပြောကြားသည်။ (Xinhua)
#China #Pakistan #CPEC #တရုတ် #ပါကစ္စတန် #တရုတ်_ပါကစ္စတန်စီးပွား‌ရေးစင်္ကြံ

Видео ပါကစ္စတန်နိုင်ငံနှင့် CPECဖော်ဆောင်မှုတစ်ဆင့်တိုးမြှင့်တင်ရန်တရုတ်နိုင်ငံအသင့်ရှိဟု ပြောကြား #China канала Xinhua Myanmar
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять