Загрузка...

လုပ်ငန်းရှင်တိုင်း သုံးသင့်တဲ့ Telegram Bot နဲ့ ခွင့်ပေးတဲ့ နည်းလမ်း

ဝန်ထမ်းတွေ ခွင့်တိုင်တဲ့စနစ်ကို Telegram Bot ဖန်တီးပီး သုံးကြည့်ဖူးလား? ဖုန်းဆက်ပြီး ခွင့်တောင်းရတာ၊ ခွင့်မှတ်တမ်းတွေကို လိုက်ရေးနေရတာတွေထက်ပိုကောင်းမယ့်နည်းလမ်းရှိပါတယ်။

ဒီ ဗီဒီယိုမှာတော့ Telegram ကို အသုံးပြုပြီး သင့်ကုမ္ပဏီအတွက် အလိုအလျောက် ခွင့်တိုင်/ခွင့်ပြု (Leave Management) လုပ်နိုင်မယ့် အမိုက်စား စနစ်တစ်ခု ဖန်တီးနည်းကို အသေးစိတ် ပြသပေးထားပါတယ်။

ဒီ Telegram Bot က ဘာပြဿနာတွေကို ဖြေရှင်းပေးမလဲ?
• စာရွက်နဲ့ ခွင့်တိုင်ရလို့ မှတ်တမ်းတွေ ပျောက်တတ်တဲ့ ပြဿနာ
• ဘယ်ဝန်ထမ်း ဘာခွင့်ယူထားလဲဆိုတာကို စာအုပ်ထဲ လိုက်ရှာနေရတဲ့ ဒုက္ခ
• လကုန်ရင် ခွင့်ရက်တွေကို Excel ထဲ တစ်ခုချင်းစီ ပြန်ရိုက်ထည့်နေရတဲ့ အချိန်ကုန်မှု
• ခွင့်ပြု/မပြု ဝန်ထမ်းဆီ အကြောင်းပြန်ဖို့ နှောင့်နှေးမှု

ဒီစနစ်ရဲ့ အဓိက အကျိုးကျေးဇူးများ
✅ အလွယ်ကူဆုံး အသုံးပြုနိုင်ခြင်း: ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဝန်ထမ်းတွေက Telegram ကနေ ခွင့်တိုင်၊ ခွင့်ပြုချက်တောင်းနိုင်တယ်။
✅ စနစ်ကျခြင်း: ရှောင်တခင်ခွင့်၊ ဆေးခွင့် အစရှိတဲ့ ခွင့်အမျိုးအစား (၇) မျိုးစလုံးကို ပြက္ခဒိန်နဲ့တကွ အလွယ်တကူ ရွေးချယ်နိုင်တယ်။
✅ Real-time Notification: Boss or HR က Approve / Reject လုပ်လိုက်တာနဲ့ ဝန်ထမ်းဆီကို အကြောင်းကြားစာ ချက်ချင်းရောက်သွားမယ်။
✅ Auto Excel Report: လကုန်ရင် ခွင့်မှတ်တမ်းအားလုံးကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ Excel (xlsx) ဖိုင်အနေနဲ့ အလွယ်တကူ ထုတ်ယူနိုင်တယ်။
✅ ကုန်ကျစရိတ် သက်သာခြင်း: ဈေးကြီးတဲ့ HR Software တွေ ဝယ်စရာမလိုဘဲ လစဉ်ကြေးကင်းလွတ်စွာနဲ့ ကိုယ်ပိုင်အသုံးပြုနိုင်တယ်။

#TelegramBotMyanmar #leavemanagement #TelegramBotဖန်တီးနည်း #ဝန်ထမ်းခွင့်စနစ် #pythonbot #vpsmyanmar #vps

Видео လုပ်ငန်းရှင်တိုင်း သုံးသင့်တဲ့ Telegram Bot နဲ့ ခွင့်ပေးတဲ့ နည်းလမ်း канала iPhone myMac
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять