Fortigate Web Filter and File Filter Profile
ဒီ Profile ကတော့ ခေါင်းစဥ်အတိုင်းပဲ အဓိကကတော့ websites တွေ URL Link တွေကို Filter လုပ်တာပါ။ သင့်ရုံးကလူတွေက ရုံးလာပြီး Channel Myanmar တွေထိုင်ကြည့်နေတာ၊ ဘောလုံးပွဲတွေထိုင်ကြည့်နေတာ Game ထိုင်ဆော့နေတာစတာတွေကို လုပ်ဆောင်နေမယ်ဆိုရင်သင်က ဒီ Security Profile နဲ့ Filter လုပ်ထားလို့ရပါတယ်။ တကယ်လို့ သင့်ရုံးကလူတွေက Security အကြောင်းနားမလည်ပဲ Cracking website, Malicious website စတာတွေကို accessရယူမှာ စိုးရိမ်နေရတယ်ဆို ဒီ Profile ကိုသုံးပါ။ ဒီအကြောင်းလေးနည်းနည်းပြောပြမယ် အပေါ်မှာပြောခဲ့သလိုပဲ Firewall ရဲ့နောက်မှာ Data Base ရှိတယ်။ အဲ့ထဲမှာ Websites တွေ URL Link တွေရဲ့ Signature တွေရှိပြီးသား ဒါကြောင့် ဘယ် Websites ကမကောင်းဘူး ကောင်းတယ်ဆိုတာက Firewall ကသိတယ်။ မသိတယ့်ဟာဆိုရင်လည်း AI machine learning နဲ့အလုပ်လုပ်ပြီး စစ်ဆေးပေးတယ်။ License တော့၀ယ်ရတာပေါ့။ အဲ့တော့ inappropriate content တွေဖြစ်ကြတယ့် ရုံးလာပြီး Game ဆော့နေတာ online သုံးပြီး ဘောပွဲကြည့်နေတာ တွေကို filter လုပ်နိုင်တယ်။ နောက်ပြီး user တွေ malicious website တွေကို သုံးနေမှာကို တားမြစ်တာတွေမှာ အသုံး၀င်ပါတယ်။ URL link based နဲ့ Categories based ကိုအခြေခံပြီး Filter လုပ်ပေးတာပါ။ သူ့မှာ website categories တွေပါပါတယ်။ ဥပမာ - skype.com ဆို internet telephony, facebook.com ဆို social networking စသည်ဖြင့် firewall ကအကုန်သိတယ့်အတွက် Filter ကောင်းကောင်းလုပ်နိုင်ပါတယ်။ action တွေအနေနဲ့ - Allow, Block, Warning, Authenticate, Override, Continue, Monitor, Aert စသည်ဖြင့်ပါရှိပါတယ်။ Override ဆိုတာ ရှိပြီးသား URL ကို Categories ပြောင်းလိုက်တာပါ။ ဥပမာ - Facebook ဆိုတာ social network ဆိုပေမယ့် သင်ကသင့်ရုံးကသူတွေကိုမသုံးစေချင်တယ့်အခါမှာ သူ့ကို Malicious Categories ထဲထည့်လို့ရပါတယ်။ ဒါက FortiGate style ပါ။ Palo Alot မှာတော့ Username နဲ့ password ရိုက်ပြီး၀◌င်လို့ရပါတယ်။ FortiGate မှာ တော့ Username နဲ့ Password သုံးပြီး access ရယူချင်ရင် Authenticate ကိုသုံးပါတယ်။ Override ဆိုတာသေသေချာချာ မြန်မာလိုပြောရမယ်ဆို ကပ်တိုးလေးပေါ့။ သင်က ရပ်ကွက်ထဲမှာ အုပ်ကြီးနဲသိလို့ ချဲကိုရောင်းလို့ရနေတာမျိုး လုပ်ချင်တာလုပ်လို့ရနေတာမျိုးပါ။ ဒီ Website ကိုတော့ ခွင့်မပြုထားဘူး ဒါပေမယ့် Override လုပ်ပြီး သင်က သုံးလို့ရပါတယ်။ log တော့မှတ်ပါတယ်။ continue ဆိုတာကတော့ override ထက် တဆင့်လျော့ အနေထားပါပဲ။ အုပ်ကြီးက ခင်ဗျားကို ချဲမရောင်းနဲ့ပြောမယ်။ ဒါပေမယ့် ခင်ဗျားကရောင်းမယ်။ အဲ့လိုသဘောပါပဲ။ override ကတော့ password တစ်ခုလိုပါမယ်။ ကျွန်တော့ Video တင်တယ့်အခါကြည့်ပါ။ အဲ့တော့ Override ဆိုတာ မိုလိုပိုလီက ထောင်ထွက်ကတ်ပြားလိုပါပဲ ရုံးမှာ Channel Myanmar ကို ပိတ်ထားပေမယ့် သင့်ရုံးက မမ ကိုတော့ သင်က Channel Myanmar ကို access ရယူခွင့် Override profile ပေးထားလို့ရပါတယ်။ နောက်ပြီး URL or Website တွေ wildcard နဲ့ Filter လုပ်ထားလို့ရပါတယ်။ ဥပမာ- *mikrotik.com နဲ့ပိတ်ထားရင် mikrotik နဲ့ဆိုင်တာမှန်သမျှ၀င်လို့မရတော့ပါဘူး။ FortiGate မှာတော့ Web filter မှာ Bandwidth ကစ control လုပ်လို့ရပါတယ်။ Website တွေရဲ့ Categories တွေကို အောက်ဖော်ပြပါ လင့် တွေကနေစစ်လို့ရပါတယ်။
Palo Alto - https://urlfiltering.paloaltonetworks.com/query/
Fortinet - https://www.fortiguard.com/webfilter
အခုပြောပြခဲ့တယ့် Profile က FortiGate ရော PA မှာပါ ရှိတယ့် Security profile ကိုပြောသွားတာပါ။
Видео Fortigate Web Filter and File Filter Profile канала T9K - Ta Nine Kha
Palo Alto - https://urlfiltering.paloaltonetworks.com/query/
Fortinet - https://www.fortiguard.com/webfilter
အခုပြောပြခဲ့တယ့် Profile က FortiGate ရော PA မှာပါ ရှိတယ့် Security profile ကိုပြောသွားတာပါ။
Видео Fortigate Web Filter and File Filter Profile канала T9K - Ta Nine Kha
Комментарии отсутствуют
Информация о видео
27 июля 2024 г. 12:48:46
01:24:50
Другие видео канала