- Популярные видео
- Авто
- Видео-блоги
- ДТП, аварии
- Для маленьких
- Еда, напитки
- Животные
- Закон и право
- Знаменитости
- Игры
- Искусство
- Комедии
- Красота, мода
- Кулинария, рецепты
- Люди
- Мото
- Музыка
- Мультфильмы
- Наука, технологии
- Новости
- Образование
- Политика
- Праздники
- Приколы
- Природа
- Происшествия
- Путешествия
- Развлечения
- Ржач
- Семья
- Сериалы
- Спорт
- Стиль жизни
- ТВ передачи
- Танцы
- Технологии
- Товары
- Ужасы
- Фильмы
- Шоу-бизнес
- Юмор
သေနတ်သံများကြားက သစ္စာရှင်နှင့် စစ်မြေပြင်ရဲ့ သူရဲကောင်း "ရဲဘော်အာဝု"

Democratic Press
မေ ၁၇၊ ၂၀၂၆
စစ်မြေပြင်ရဲ့ သေနတ်သံ တဒုန်းဒုန်းနဲ့ လက်နက်ကြီးပေါက်ကွဲသံတွေကြားမှာ လူသားတွေတောင် တုန်လှုပ်ခြောက်ခြားရပေမယ့်၊ အဲဒီသံစဉ်တွေကို ရိုးအီနေအောင် နားထောင်ရင်း တော်လှန်ရေးရဲဘော်တွေနဲ့အတူ ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့ ခြေလေးချောင်းတပ်ဖွဲ့ဝင် ရဲဘော်လေးတွေ ရှိနေပါတယ်။
မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့သွားခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) ရဲ့ ၂၉ စက္ကန့်စာ ရုပ်သံဖိုင်လေးတစ်ခုဟာ စစ်မြေပြင်က လူနဲ့ တိရစ္ဆာန်ကြားက အဓိပ္ပာယ်လေးနက်လှတဲ့ သံယောဇဉ်နဲ့ သစ္စာတရားကို မီးမောင်းထိုးပြလိုက်ပါတယ်။
ဒီခွေးလေးတွေဟာ သာမန်အိမ်မွေးတိရစ္ဆာန်တွေ မဟုတ်ကြတော့ပါဘူး။
တော်လှန်ရေးရဲဘော်တွေနဲ့အတူ ရွှံ့နွံတွေကြား၊ တောတောင်တွေကြား ခရီးကြမ်းကို အတူတူ ဖြတ်သန်းနေကြတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်ကြပါတယ်။
လူသားတွေရဲ့ မျက်စိနဲ့ မမြင်နိုင်သလို၊ ခေတ်မီစက်ကိရိယာတွေနဲ့တောင် ရှာဖွေဖို့ ခက်ခဲလှတဲ့ မြေမြှုပ်မိုင်းတွေ၊ တိုက်မိုင်းတွေကို သူတို့ရဲ့ ထူးခြားလှတဲ့ အနံ့ခံအာရုံနဲ့ ရှာဖွေဖော်ထုတ်ပေးပြီး ရဲဘော်တွေရဲ့ ခြေလှမ်းတိုင်း ဘေးကင်းဖို့ အသက်ပေး စောင့်ရှောက်နေကြတာ ဖြစ်ပါတယ်။
ပိုပြီးရင်နင့်ဖို့ကောင်းတာကတော့ အရေးကြုံလာရင် တိုက်မိုင်းတွေကို ကိုယ်တိုင်ဝင်တိုးရဲတဲ့အထိ သတ္တိရှိရှိ စတေးခံပေးကြတဲ့အချက်ပဲ ဖြစ်ပါတယ်။
ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) က "ဘေးနားမှာ လက်နက်ကြီးတွေ ဘယ်လောက်ပဲ ကျကျ၊ သေနတ်သံတွေ ဘယ်လောက်ပဲ ဆူညံဆူညံ သူတို့တွေ ရဲဘော်တွေအနားကနေ ဖယ်ခွာမသွားကြပါဘူး။ ရဲဘော်တွေ သွားသမျှ စစ်ကြောင်းနောက်ကို လိုက်တယ်၊ ရဲဘော်တွေ စားသလို စားတယ်၊ ဝေမျှခံစားတယ်" လို့ ဆိုပါတယ်။
စစ်မြေပြင်ထဲမှာ ညဘက် စစ်ကြောင်းထွက်ရတဲ့အခါမျိုးမှာလည်း အမှောင်ထုကို မမှုဘဲ ရဲဘော်တွေရဲ့ ရှေ့ကနေ သစ္စာရှိရှိ လမ်းပြပေးတတ်ကြပါတယ်။ ရန်သူအနားကပ်လာရင်ဖြစ်ဖြစ်၊ အန္တရာယ်တစ်ခုခု အာရုံရရင်ဖြစ်ဖြစ် ထူးခြားတဲ့ အမူအရာတွေပြသပြီး ရဲဘော်တွေကို ကြိုတင်သတိပေးတတ်တဲ့ စစ်မြေပြင်ရဲ့ ကြိုတင်ကာကွယ်ရေးစနစ်တစ်ခုလည်း ဖြစ်ပါတယ်။
"ငါတို့မှာ သူတို့ရှိသလို၊ သူတို့မှာလည်း ငါတို့ပဲ ရှိတယ်" ဆိုတဲ့ ခိုင်မြဲတဲ့ သံယောဇဉ်ကပဲ စစ်မြေပြင်ရဲ့ ကြမ်းတမ်းမှုတွေ၊ သေကွဲရှင်ကွဲ ဒဏ်ရာတွေကို အပြန်အလှန် ကုစားပေးနေကြတာ ဖြစ်တယ်လို့လည်း တပ်ရင်းက ဆိုပါတယ်။
စစ်ပွဲတွေရဲ့ ထုံးစံအတိုင်း တိုက်ပွဲတွေကြားထဲမှာ သူရဲကောင်းပီပီ သစ္စာရှိရှိနဲ့ သက်စွန့်ဆံဖျား ကျဆုံးသွားခဲ့ရတဲ့ "ရဲဘော်ခွေး" လေးတွေလည်း အများအပြား ရှိခဲ့ပါတယ်။
သူတို့ရဲ့ ပေးဆပ်မှု၊ ပြိုင်ဘက်ကင်းတဲ့ သစ္စာတရားနဲ့ သတ္တိတွေဟာ တော်လှန်ရေးသမိုင်းစာမျက်နှာမှာ လူသားရဲဘော်တွေနည်းတူ အလေးအနက် မှတ်တမ်းတင်ထားရမှာ သေချာပါတယ်။
"တော်လှန်ရေးရဲ့ ခရီးကြမ်းမှာ လူနဲ့ တိရစ္ဆာန်ကြားက ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အသက်ကိုပဓာနမထားဘဲ အတူတူရုန်းဖန်နေကြတဲ့ ရဲဘော်အာဝုလေးများအားလုံးကို လေးစားဦးညွှတ်လိုက်ရပါတယ်" လို့ ရွှေဘိုခရိုင်တပ်ရင်းအမှတ် (၁၇) က ရေးသားထားသလို၊ သူတို့ရဲ့သစ္စာတရားဟာ တော်လှန်ရေးခရီးကြမ်းရဲ့ လေးစားဦးညွှတ်ထိုက်တဲ့ ပြယုဂ်တစ်ခုအဖြစ် အမြဲတမ်း ကျန်ရစ်နေဦးမှာ ဖြစ်ပါတော့တယ်။
#ရဲဘော်အာဝု #စစ်မြေပြင်ကသူရဲကောင်းများ #သစ္စာရှင်ရဲဘော်ခွေးလေးများ #ရွှေဘိုခရိုင်တပ်ရင်း၁၇ #မြေမြှုပ်မိုင်းရှာဖွေရေးခွေးများ #WhatIsHappeningInMyanmar #SpringRevolution #PDFMyanmar
Видео သေနတ်သံများကြားက သစ္စာရှင်နှင့် စစ်မြေပြင်ရဲ့ သူရဲကောင်း "ရဲဘော်အာဝု" канала Democratic Press

Комментарии отсутствуют
Информация о видео
17 мая 2026 г. 8:30:04
00:00:27
Другие видео канала