Загрузка страницы

မဇ္ဈိမ သတင်းဌာန အမည်ဖြင့် တယ်လီဂရမ်ချန်နယ် အတု

မဇ္ဈိမ ။ ။ တယ်လီဂရမ်မှာ မဇ္ဈိမ မီဒီယာရဲ့ အမည်ကို အသုံးပြုထားတဲ့ "Mizzima - News in Burmese" ဆိုတဲ့ အမည်နဲ့ ချန်နယ်တခု ရှိနေပါတယ်။

ဒီချန်နယ်ဟာ ၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့ကတည်းက စတင်ပြီး အသုံးပြုထားတာပါ။ ခုချိန်မှာတော့ သတင်းစောင့်ဖတ်ဖို့ subscribers ၂၇,၈၅၇ ရှိနေပါပြီ။ မူလမှာတော့ မဇ္ဈိမ မီဒီယာက သတင်းတွေကို ကူးယူဖော်ပြထားပြီး မဇ္ဈိမ Youtube ချန်နယ်က သတင်းလင့်တွေ၊ မဇ္ဈိမသတင်း ဝက်ဆိုက်ဒ် ပေါ်က သတင်းတွေကို ဖော်ပြထားပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ တခြားဝက်ဆိုဒ်လင့်တွေကို ထည့်သွင်းဖော်ပြတာပါ။

ဒီချန်နယ်က ဖော်ပြတဲ့ သတင်းလင့်တွေဟာ သာမာန် သတင်း ဝက်ဆိုက်ဒ်တွေလို ".com, .org, .com.mm" စတဲ့ စာလုံးတွေနဲ့ ဆုံးတာ မဟုတ်ဘဲ ".xyz" နဲ့ ဆုံးတဲ့ လင့်တွေဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ တခြားသတင်း ကူးယူဖော်ပြမှုတွေကို တိုက်ရိုက်မဖော်ပြတော့ဘဲ အထက်မှာ ဖော်ပြခဲ့သလိုပဲ ".xyz" နဲ့ ဆုံးတဲ့ ဝက်ဆိုဒ်ကနေ ဖော်ပြတာပါ။
သူဖော်ပြထားတဲ့ ဝက်ဆိုဒ်ထဲ ဝင်မယ်ဆိုရင်တော့ ကြော်ငြာတွေနဲ့အတူ သတင်းဓါတ်ပုံတွေကို အရင်ဆုံး မြင်ရမှာပါ။ သတင်းဖတ်ရှုဖို့အတွက်ကိုလည်း ခလုတ်နှိပ်ဖို့ နေရာပေးထားပြီး အဲ့ဒီကနေမှ တဆင့် နောက်ထပ် ဝက်ဆိုက်ဒ် တခုထဲမှာတော့ သတင်းဌာနတွေက တင်ဆက်ထားတဲ့ သတင်းတွေကို ကူးယူဖော်ပြထားတာပါ။

ခေါင်းစဉ်မှာတော့ "ပေ" ဖြစ်တုန်းက ထုခံရသမျှ အခု ငါတို "တူ"ဖြစ်ပြီ ' (မူရင်းအရေးအသားအတိုင်း) လို့ရေးသားထားတဲ့ သတင်းလင့်ကို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင် နောက်ဆုံးဖော်ပြထားတဲ့ သတင်းက "နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေ သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းကို တွေ့ရမှာပါ။ ဒီသတင်းဟာ Mandalay Free Press - MFP ကသတင်းကို ကူးယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။ မူရင်း သတင်းလင့် - t.ly/ZEMx_

လူအများစိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ ထိလွယ်ရှလွယ် စကားလုံးတွေ 'ကျူပင်ခုတ် 'ကျူငုတ်မကျန်' စတဲ့ စကားလုံးတွေ အသုံးပြုပြီး ခေါင်းစဉ်ပေးထားပါသေးတယ်။

ဒီလို ဝက်ဆိုဒ်တွေဟာ အမှတ်တမဲ့ဖတ်ရှုလိုက်မယ်ဆိုရင် လူစိတ်ဝင်စားမှုများတဲ့ သတင်းခေါင်းစဉ်တွေနဲ့အတူ သတင်းဌာန အသီးသီးက ဖော်ပြတဲ့ သတင်းတွေကို ကူးယူဖော်ပြတာပါ။ ဒီကနေတဆင့် ဝက်ဆိုက်ဒ်က ဖော်ပြတဲ့ ကြော်ငြာတွေကနေ ဝင်ငွေ ဖန်တီးတာပဲ ဖြစ်ပါတယ်။
ဒီလို ဝက်ဆိုက်ဒ်တွေအကြောင်းကို "သတင်းမီဒီယာအမည်ခံ ကလစ်ဘိတ် ဝက်ဘ်ဆိုက်(Clickbait)များအကြောင်း" ဆိုပြီး မဇ္ဈိမက ရှင်းလင်းဖော်ပြခဲ့ဖူးပါတယ်။ လင့် - t.ly/QaQ7n

ဒီချန်နယ်နဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနရဲ့ အသံလွှင့်ဌာနမှူး ကို မေးမြန်းခဲ့ပါတယ်။ မဇ္ဈိမ မီဒီယာဟာ တယ်လီဂရမ်မှာ တရားဝင် ချန်နယ် ၂ ခုရှိနေပြီး ဒါတွေက "Mizzima" အမည်နဲ့ အပြာရောင် အမှတ်အသားပါတဲ့ ချန်နယ်နဲ့ "Mizzima+TV Channel" ပါ။ အထက်က ဖော်ပြခဲ့တဲ့ "Mizzima - News in Burmese" ဆိုတဲ့ အမည်နဲ့ တယ်လီဂရမ်ချန်နယ် မရှိကြောင်း အတည်ပြုပါတယ်။ လင့် - https://t.me/mizzimatv, https://t.me/mizzimaplustv

ဒါကြောင့် မဇ္ဈိမ သတင်းမီဒီယာ အမည်ကို အသုံးပြုပြီး တယ်လီဂရမ်မှာ အသုံးပြုနေတဲ့ "Mizzima - News in Burmese" ဆိုတဲ့ ချန်နယ်ဟာ ချန်နယ်အတုဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။

#Misinformation_Buster
#Fake_News
#Telegram_Channel
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

Subscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join

Follow us:
Facebook | Myanmar Language https://www.facebook.com/MizzimaDaily
Facebook | English language https://www.facebook.com/MizzimaMyanmarnews
Facebook | Mizzima+TV https://www.facebook.com/mizzimaplustv
Twitter https://twitter.com/MizzimaNews
Telegram https://t.me/mizzimatv
Sportify https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Mizzima TV App http://onelink.to/jnuwak
Mizzima Weekly Analysis & Insight Patreon https://patreon.com/MizzimaMedia?utm_medium=unknown&utm_source=join_link&utm_campaign=creatorshare_creator&utm_content=copyLink
Website :
https://bur.mizzima.com
https://eng.mizzima.com
https://www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Видео မဇ္ဈိမ သတင်းဌာန အမည်ဖြင့် တယ်လီဂရမ်ချန်နယ် အတု канала MizzimaTV
Показать
Комментарии отсутствуют
Введите заголовок:

Введите адрес ссылки:

Введите адрес видео с YouTube:

Зарегистрируйтесь или войдите с
Информация о видео
30 июня 2024 г. 9:08:20
00:02:38
Другие видео канала
Myanmar's economic growth stalled by conflict and instability, says World BankMyanmar's economic growth stalled by conflict and instability, says World BankMyanmar’s Yangon residents forced to pay fees for free Government issued Smart ID CardsMyanmar’s Yangon residents forced to pay fees for free Government issued Smart ID Cardsအမေရိကန်နဲ့ ဖင်လန် ပူးတွဲစစ်ရေးလေ့ကျင့် I VOA On Mizzimaအမေရိကန်နဲ့ ဖင်လန် ပူးတွဲစစ်ရေးလေ့ကျင့် I VOA On Mizzimaဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်လူငယ်ရင်းမြစ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီလူငယ်ရင်းမြစ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီမဇ္ဈိမ သတင်းဌာန အမည်ဖြင့် တယ်လီဂရမ်ချန်နယ် အတုမဇ္ဈိမ သတင်းဌာန အမည်ဖြင့် တယ်လီဂရမ်ချန်နယ် အတုCivilian deaths and injuries mount in Myanmar as junta bombs AA controlled regionsCivilian deaths and injuries mount in Myanmar as junta bombs AA controlled regionsဇွန်လ ၃၀ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်ဇွန်လ ၃၀ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်မော်လဒိုက်ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးကို အောက်လမ်းပညာအသုံးပြုမှုနဲ့ဖမ်းဆီးမော်လဒိုက်ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးကို အောက်လမ်းပညာအသုံးပြုမှုနဲ့ဖမ်းဆီးဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်ဇူလိုင်လ ၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်ဇူလိုင်လ ၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်အင်္ဂလိပ်စာ သင်ခန်းစာ I VOA On Mizzimaအင်္ဂလိပ်စာ သင်ခန်းစာ I VOA On MizzimaMyanmar’s TNLA accuses junta of violating Haigeng Ceasefire AgreementMyanmar’s TNLA accuses junta of violating Haigeng Ceasefire Agreement၂၀၁၅ မှာ ရေကြီးခဲ့တဲ့ အဖြစ်မျိုး ကြုံရနိုင်တယ်။၂၀၁၅ မှာ ရေကြီးခဲ့တဲ့ အဖြစ်မျိုး ကြုံရနိုင်တယ်။China donates six patrol boats to Myanmar’s junta regime in bid to strengthen relationsChina donates six patrol boats to Myanmar’s junta regime in bid to strengthen relationsဉာဏ်ရည်တုပါလာမဲ့ iPhone ဖုန်းသစ် I VOA On Mizzimaဉာဏ်ရည်တုပါလာမဲ့ iPhone ဖုန်းသစ် I VOA On MizzimaMyanmar’s junta troops detain over 20 youths at Kalay hotel pool in Sagaing RegionMyanmar’s junta troops detain over 20 youths at Kalay hotel pool in Sagaing RegionBRAVE Burma Act မြန်မာ့အရေးကန်လွှတ်တော်အဖွဲ့တင်သွင်း I VOA On MizzimaBRAVE Burma Act မြန်မာ့အရေးကန်လွှတ်တော်အဖွဲ့တင်သွင်း I VOA On Mizzimaဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်အန္တာတိက ရေခဲပြင်အောက်၌ နှစ်ပေါင်း သန်း ၄၀ ရှိသည့် မြစ်တစ်စင်းအား တွေ့ရှိအန္တာတိက ရေခဲပြင်အောက်၌ နှစ်ပေါင်း သန်း ၄၀ ရှိသည့် မြစ်တစ်စင်းအား တွေ့ရှိတစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု/မှား တွေကို တင်ဆက်ထားပါတယ်။တစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု/မှား တွေကို တင်ဆက်ထားပါတယ်။
Яндекс.Метрика