Загрузка...

Proof Of Life ကမ်ပိန်း ၁လပြည့်ချိန်အထိ စစ်တပ်က တုံ့ပြန်မှုမရှိ | People's Spring

Proof Of Life ကမ်ပိန်း ၁လပြည့်ချိန်အထိ စစ်တပ်က တုံ့ပြန်မှုမရှိ

မေ-၂၂၊ ၂၀၂၆။ People's Spring

အာဏာသိမ်းစစ်တပ်ရဲ့ မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌ကြောင်း အထောက်အထားပြသဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၁လပြည့်ပေမယ့် စစ်တပ်ဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

Proof Of Life ကမ်ပိန်းကို သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် ဦးဆောင်ပြီး မိခင်ဖြစ်သူ အသက်ရှင်ကြောင်း အထောက်အထားပြဖို့ ဧပြီ ၂၁ရက်မှာ စတင်ခဲ့တာပါ။

ကိုထိန်လင်းက သူ့မိခင် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကို သိရဖို့တောင်းဆိုခဲ့တာ တော်တော်ကြာပြီ ဖြစ်ပြီး သားတစ်ယောက်အတွက် အရိုးရှင်းဆုံးဆန္ဒနဲ့ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ ယုံကြည်ကြောင်း ဧပြီ ၂၁ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြည်တွင်းကပြည်သူတွေ အပါအဝင် နိုင်ငံအသီးသီးမှာ ရောက်ရှိနေတဲ့ မြန်မာ‌တွေက တခဲနက်တောင်းဆိုမှုတွေပြုလုပ်နေကြတာပါ။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဧပြီ ၃၀ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်းတယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံထုတ်ပြခဲ့ပေမယ့် ပြည်သူတွေက မယုံကြည်ခဲ့ကြပါဘူး။

စစ်တပ်ကထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ရိုက်ကူးထားတယ်ဆိုတာကိုလည်း ဘယ်သူမှအတည်မပြုနိုင်ပါဘူး။

သက်ရှိထင်ရှားရှိနေသေး‌ကြောင်းသက်သေပြဖို့ တောင်းဆိုနေတာဖြစ်ပြီး ဓာတ်ပုံပြဖို့ မဟုတ်ဘူးလို့ Proof Of Lifeကို ဦးဆောင်စီစဉ်တဲ့ All In One Piece Movement က စစ်တပ်ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ခဲ့ပါတယ်။ လူထုခေါင်းဆောင် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်မာတဲ့သက်သေ ချက်ချင်းပြဖို့လည်း ထပ်မံတောင်းဆိုပါတယ်။

စစ်တပ်က တရုတ်နိုင်ငံနဲ့ အာဆီယံက ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောကြားမှုတွေရှိပေမယ့် လူထူယုံကြည်နိုင်တဲ့ ဓာတ်ပုံ ၊ ဗီဒီယို စတဲ့ တိကျတဲ့ အချက်အလက်တစုံတရာထုတ်ပြန်တာမျိုး မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်တပ်က မတရားပုဒ်မတွေတပ်ကာ ထောင်ဒဏ်ချမှတ်ခဲ့တာကြောင့် ထောင်ထဲမှာနေထိုင်နေရတာ ရက်ပေါင်း ၁,၉၃၆ ရက်ရှိပါပြီ။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အသက်ရှင်ကြောင်းသက်သေပြပါ #နိုင်ငံရေးအကျဉ်းသားများ #လူ့အခွင့်အရေးချိုးဖောက်မှု #နွေဦးတော်လှန်ရေး #ProofOfLife #PoliticalPrisonersMM #HumanRightsMyanmar #WhatIsHappeningInMyanmar #SpringRevolutionMM

Видео Proof Of Life ကမ်ပိန်း ၁လပြည့်ချိန်အထိ စစ်တပ်က တုံ့ပြန်မှုမရှိ | People's Spring канала People's Spring
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять