Загрузка...

Green card လျှောက်ထားသူတွေကို နေရပ်နိုင်ငံကနေပြန်လျှောက်ခိုင်း | People's Spring

Green card လျှောက်ထားသူတွေကို နေရပ်နိုင်ငံကနေပြန်လျှောက်ခိုင်း

မေလ-၂၃ ၊၂၀၂၆ ။People’s Spring

အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (Green card)လျှောက်ထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မိခင်နိုင်ငံဆီ အရင်ပြန်ရမယ့် သတ်မှတ်ချက်မျိုး အမေရိကန် အစိုးရက ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာန (DHS)ရဲ့ လက်အောက်ခံ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှု ကြီးကြပ်ရေးဌာန (USCIS)က အဲဒီလို စည်းမျဉ်းပိုင်း အပြောင်းအလဲ သတ်မှတ်မယ့် အကြောင်းကို မေလ ၂၂ ရက်နေ့မှာ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

ဌာနရဲ့ မူဝါဒရေးရာ ညွှန်ကြားချက် အသစ်ထဲမှာ အဲဒီ လုပ်ထုံးလုပ်နည်း အပြောင်းအလဲ ပါရှိလာတာဖြစ်ပြီး သက်ဆိုင်ရာ အရာရှိ အသီးသီး အနေနဲ့ Green card လျှောက်ထားမှုတွေကို စိစစ် လက်ခံရာမှာ ကိစ္စ တစ်ခုချင်းစီကို သေချာ ဆန်းစစ်ဖို့လည်း လမ်းညွှန်ထားပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာကတည်းက လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်ပြီး ရွှေ့ပြောင်းအခြေချမှုတွေကို ချိုးနှိမ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ Green card ထုတ်ပေးမှု မူဝါဒဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အပြောင်းအလဲ မရှိခဲ့ရာက ထရမ့်လက်ထက်မှာ အခုလို အရွေ့မျိုးဆီ ဦးတည်လာတာ ဖြစ်ပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ အပြောင်းအလဲအရ Green card လျှောက်ထားသူဟာ မူလ လုပ်ထုံးလုပ်နည်းတွေအပြင် သူ့ရဲ့ မူရင်းနိုင်ငံဆီ ပြန်သွားပြီး သက်ဆိုင်ရာ နိုင်ငံရဲ့ အမေရိကန် သံရုံး၊ ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေမှာ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန်ကနေ တရားဝင် လမ်းကြောင်းကနေ ထွက်ခွာဖို့ လိုအပ်ပါတယ်။

မိခင်နိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံး၊ ကောင်စစ်ဝန်ရုံးတွေမှာ ဆေးစစ်တာတွေ၊ ငွေကြေးပေးသွင်းတာတွေ၊ အင်တာဗျူး ဖြေကြားတာတွေ လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီအဆင့်တွေ ပြီးမှသာ Green card ထုတ်ပေးဖို့ သင့်မသင့် ဆိုတာကို USCISက အဆုံးအဖြတ် ပေးသွားမယ်လို့ သိရပါတယ်။

အမေရိကန်မှာ ခဏတဖြုတ်လောက် လာနေပြီး Green card လိုချင်တဲ့ တစ်နယ်သားတွေဟာ အခုတော့ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး လျှောက်လွှာတင်ရတော့မယ်လို့ USCISရဲ့ မိခင်ဌာနဖြစ်တဲ့ DHSက ပြောပါတယ်။ အခုလို ပြောင်းလဲလိုက်ခြင်းက အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ဥပဒေ စည်းမျဉ်းတွေနဲ့ ပိုမို ညီညွတ်သွားစေပြီး ယိုပေါက်တွေကို လျော့ပါးသွားစေလိမ့်မယ်လို့လည်း DHSက မှတ်ချက်ပေးထားပါတယ်။

လေ့လာသူတွေကတော့ ဒီအပြောင်းအလဲဟာ အမေရိကန်မှာ Green card လျှောက်ထားဖို့ ပြင်ဆင်နေတဲ့ ရွှေ့ပြောင်း အခြေချသူ ၁ သန်းကျော်လောက်အပေါ် သက်ရောက်မှု ရှိလာစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီကိစ္စဟာ Green card ထုတ်ပေးဖို့ နောက်ဆုံးအဆင့် စိစစ်မှု ရလဒ်ကို စောင့်နေသူတွေအပေါ် ဘယ်လို ရိုက်ခတ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဂရင်းကတ်မူဝါဒ #ဂရင်းကတ်သတင်း #အမေရိကန်လူဝင်မှုကြီးကြပ်ရေး #နေရပ်ပြန်လျှောက်ခိုင်းခြင်း #ဗီဇာသတင်း #GreenCardPolicy #USImmigration #ConsularProcessing #USVisaUpdates #ImmigrationNews

Видео Green card လျှောက်ထားသူတွေကို နေရပ်နိုင်ငံကနေပြန်လျှောက်ခိုင်း | People's Spring канала People's Spring
Яндекс.Метрика
Все заметки Новая заметка Страницу в заметки
Страницу в закладки Мои закладки
На информационно-развлекательном портале SALDA.WS применяются cookie-файлы. Нажимая кнопку Принять, вы подтверждаете свое согласие на их использование.
О CookiesНапомнить позжеПринять